မိုင်းယန်း အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာ၌ မျိုးသန့်ပွား(မျိုးစေ့ထုတ်)စံပြစိုက်ကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မိုင်းလွေကျေးရွာနေ ဦးပိုင်တောင်သူ ဦးအိုက်ဆမ်၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်သည်။
အဆိုပါ စံပြစိုက်ကွက်ရိတ်သိမ်းမှုအား မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟော၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးသူ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် တောင်သူများမှ ဦးပိုင်အမှတ်(၁၅)၊ ကွင်းအမှတ်(၄/၁) တောင်သူဦးအိုက်ဆမ်၏ မှော်ဘီကောက်ညှင်းမွှေးစပါးမျိုး (၂.၄၄)ဧကတွင် အထွက်နှုန်းစပါးအစို အထွက်တင်း(၁၃၀.၁၆)တင်း ထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး