ဇမ္ဗူသီရိ အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာသိကောင်းစရာများ အသိပညာပေးလက်ကမ်း စာစောင်များကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ မိုဘိုင်းဖုန်းဆိုင်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိကြောင်းနှင့် ရည်ရွယ်ချက်များ၊ ကုန်သွယ်လုပ်ငန်းခွန်၊ လုပ်ငန်းရှင်၏တာဝန်များ၊ အခွန်အမှတ်တံဆိပ်မှာကြားခြင်းနှင့် ထုတ်ယူခြင်းများ၊ အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်များ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း၊ အခွန်ပေးသွင်းခြင်းများ၊ ကြေညာလွှာတင်သွင်းခြင်းများ၊ ပျက်ကွက်မှုအတွက်ပြစ်ဒဏ်များ၊ သတင်းပေးတိုင်ကြားခြင်း၊ သတင်းပေးသူကိုဆုချီးမြှင့်ခြင်းနှင့် အများပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်သွားရန်စသည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)