မုဒုံ အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာတွင် မွန်စာပေနှင့်ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်ကြားရေးအဖွဲ့မှပြုလုပ်သော (၂၄)ကြိမ်မြောက် ဝါတော်(၅၀)နှစ်နှင့်အထက်ဆရာတော်ကြီးများ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့က ဇိနရံသီပရိယတ္တိကျောင်း၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွက်ဆို၍ အခမ်းအနားအားစတင်ဖွင့်လှစ်ခဲ့ပြီး သာသနာဝေပုလ္လာရာမကျောင်းတိုက်ဆရာတော် ဉုးပါလိထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး ကြွရောက်လာကြသော ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်း
စစ်ဌာနချုပ်တိုင်းမှူးတို့က လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ဇိနရံသီပရိယတ္တိကျောင်း ဆရာတော်ကြီးကကျွန်းနက်ပုတီးများ လက်ဆောင်ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဇိနရံသီပရီယတ္တိကျောင်းတိုက် ဆရာတော် ဉုးနန္ဒန၊ ကော့ခပုံကျေးရွာ သာသနာဝေပုလ္လာရာမ ကျောင်းတိုက်ဆရာတော်ဉုးပါလိ၊ ကျိုက်မရောမြို့နယ် ကော့ပလိုင်ကျောင်းတိုက် ဆရာတော်ဉုးကေတုမာလာ၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ်၊ မြဝတီမြို့၊ ရန်ကုန်မြို့တို့မှ ဝါတော် ၅၀ နှစ်နှင့်အထက် ဆရာတော်ကြီး ၅၂ ပါးတို့ ကြွရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)