မိုင်းယုမြို့၌ “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မိုင်းယု အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအားချာက လူငယ်များအနေဖြင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် စာဖတ်ခြင်းမှရရှိသည့် သုတ/ရသမှတ်စုများသည် အတွေးအမြင်သစ်များရရှိပါကြောင်းစသည့် စာဖတ်ဝိုင်းပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် Youth Club အသင်းဝင် ဦးအောင်မျိုးထိုက်က “မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုးညွန့်က “စွန့်စားမှုဆီသို့ ခြေတစ်လှမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်းဝင် မညိုနိုင်က “ကြင်နာတဲ့ ဖေဖေနဲ့မေမေ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့ကြပြီး ဒုတိယဦးစီးမှူးနှင့် အသင်းဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။     

အားချာ