မူဆယ် အောက်တိုဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၌ ခရိုင်အုပ်ချုပ်ရေးမှူးဖလား စနူကာ၊ ဘိယိယက်၊ 8-Ball ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ခရိုင် မိုးလုံလေလုံ အားကစားကွင်း၌ ပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်အားကစားကော်မတီဉက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး အားကစား အသိစိတ်ပိုမိုအသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသား လုံး၏ ကာယ၊ ဉာဏ၊ စရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင် သော လူငယ်လူငယ်များ ပေါ်ထွက်လာစေရန် အားကစားကို လိုက်စားခြင်းဖြင့် ထူးချွန် ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန်၊ အားကစားကိုစိတ်ပါ ဝင်စားလိုက် စားလာစေပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများ သုံးစွဲခြင်းများ ရှောင်ရှားစေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကျင်းပပေးရခြင်း ဖြစ်ကြောင်း ” ပြောကြားသည်။ ထို့နောက်မြန်မာနိုင်ငံ ဘီလိယက်နှင့် စနူကာအဖွဲ့ချုပ် ဒိုင်ချုပ် ဦးဆောင်ဆောင်စိန်က ဘိလိယက်၊ စနူကာသမိုင်းကြောင်းနှင့် အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းသည်။ ဆက်လက်ပြီး မူဆယ်ခရိုင်ရဲ တပ်ဖွဲ့ ခေတ္တ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးလှိုင်မင်းစိုးက အဖွင့်ပွဲစဉ် ဘီလိယက် စတင်ထိုး၍ ဖွင့်လှစ်ပေးသည်။ စနူကာ၊ ဘီလိယက်၊ 8-Ball ပြိုင်ပွဲသို့အသင်း(၈)သင်းက အသင်းသားစုစုပေါင်း(၈၁) ဦး ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်များအား မဲနှိုက်၍ တစ်ဖွဲလျင်(၃)ဦးဖြင့် စနူကာ၊ ဘီလိယက်၊ 8-Ball ကို တစ်ဦးတစ်မျိုးခွဲကာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အောက်တိုဘာလ(၂၆)ရက်နေ့ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဆုရရှိသည့် အဖွဲများအား ပထမဆုအတွက် ချီးမြှင့်ငွေ(၅)သိန်း နှင့်ရွှေတံဆိပ်၊ ဒုတိယဆုအတွက်ချီးမြှင့်ငွေ (၄)သိန်းနှင့် ငွေတံဆိပ်၊ တတိယဆုအတွက် ချီးမြှင့်ငွေ(၃)သိန်းနှင့် ကြေးတံဆိပ်ဆုများ တံခွန်စိုက်ဆု အတွက်(၁၀)သိန်းနှင့် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး တံခွန်စိုက်ဖလားချီးမြှင့်မည်ဖြစ်ကြောင်းသိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)