တာမွေမြို့နယ်တွင် ဂတ်စ်မီးဖိုအိုး ယိုစိမ့်၍ မီးလောင်မှုဖြစ်ပွား

တာမွေ     အောက်တိုဘာ      ၂၁

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် သမိန် ဗရမ်းလမ်းရှိ တိုက်အမှတ်(၂၂) (၇)လွှာတွင် အောက်တိုဘာလ(၂၀)ရက်နေ့ ညနေ(၆)နာရီ (၅၅)မိနစ် အချိန်က  ဂတ်စ်မီးဖိုအိုး ယိုစိမ့်၍ အခန်းအတွင်း ဓာတ်ငွေ့များ ပျံ့နှံ့နေစဉ် မီးသုံးစွဲရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ သ‌န္ဓေမီးသတ်တပ်ဖွဲ့ဝင်(၃၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ ည(၇)နာရီ(၄)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဂတ်စ်အိုး(၃)ပိဿာ(၁)အိုး၊ ရေခဲ သေတ္တာ(၁)လုံး၊ အဝတ်လျှော်စက်(၂)လုံးနှင့် မီးဖိုချောင်အတွင်းရှိ ပစ္စည်းအနည်းငယ်တို့ မီးလောင်ပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးငွေကျပ် သုံးသိန်းငါးသောင်းထိရှိကြောင်း သိရသည်။

နိုင်လင်းအောင်(တာမွေ)