မချမ်းဘော အောက်တိုဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့်မားရေးအတွက် ညစာကျက် ဝိုင်းများ ဖွင့်လှစ်ထားရှိသော အခြေခံပညာကျောင်းများသို့ မြို့နယ်တက္ကသိုလ်ဝင်တန်း အောင်ချက်မြှင့် မားရေးကော်မတီဝင်များက အာဟာရ ကြက်ဥနှင့်အရေးပေါ်သုံး ကျန်းမာရေးဆေး သေတ္တာများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ပေးအပ်ရာတွင် အထက (မချမ်းဘော)ကျောင်းသို့ ကြက်ဥ အလုံး(၁၅၀)၊ အထက(ထရန်ဒမ်း)ကျောင်းသို့ ကြက်ဥ(၁၀၅)လုံးနှင့်အရေးပေါ် ကျန်းမာရေးဆေးသေတ္တာ(၁) လုံး၊အထကခွဲ(နန်ခမ်)ကျောင်းသို့ ကြက်ဥ (၁၀၅) လုံးနှင့် အရေးပေါ်သုံးကျန်းမာရေး ဆေးသေတ္တာ (၁)လုံးတို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသိရသည်။
မချမ်းဘောမြို့နယ်တက္ကသိုလ်ဝင်တန်းအောင်ချက်မြှင့်မားရေး ကော်မတီဝင်များအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်တန်း အောင်ချက်မြှင့်မားရေးအတွက် ဆရာဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီဝင်များ ကျောင်းသားကျောင်းသူများဖြင့် တွေ့ဆုံညှိနှိုင်းအားပေးခြင်း၊ လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း အာဟာရကျွေးမွေးခြင်းတို့ကို စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော)