သပိတ်ကျင်းမြို့၌ တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

 သပိတ်ကျင်း  အောက်တိုဘာ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းပြည်သူများသည် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ ကြောင်း ငှက်ပျောစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ငှက်ပျောစိုက်သူများအနေဖြင့် ဒေသနှင့်ကိုက်ညီမှုရှိသည့် ရခိုင်ငှက်ပျောကို အများဆုံးစိုက်ပျိုးကြပြီး ပိုးဇာနွယ်ကျေးရွာငှက်ပျောစိုက်တောင်သူ ဦးကျော်ခိုင်မှ  ကျနော်တို့ဒေသမှာ ရခိုင်ငှက်ပျောအမျိုးအစားကို အများဆုံးစိုက်ပျိုး ကြပါတယ်၊ ငှက်ပျောတစ်ခိုင်ကို (၁၀)ဖီးကနေ (၁၅)ဖီးခန့်ထွက်ရှိပါတယ်၊ ငှက်ပျောတစ်ဖီးကို( ၅၀၀) ကျပ်ကနေ (၉၀၀)ကျပ် ထိရောင်းချရပြီး ငှက်ပျောသီးတွေကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မိုးကုတ်စတဲ့ ဒေသအသီးသီးကိုတင်ပို့ရောင်းချနိုင်လို့ စျေးကွက် ကျယ်ကျယ် ပြန့်​ပြန့် ရောင်းချရသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင် ပြေလျက်ရှိကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်များထက် တစ်ပိုင်တစ်နိုင် ငှက်ပျောစိုက်ပျိုးသူများ ပိုမိုများပြားလာကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)