ပုဗ္ဗသီရိမြို့နယ်ရုံး၌ ဒေါက်တာခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်းနှင့် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့် "လူငယ်နှင့်အကောင်းဆုံး သောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံး၊ ပြည်သူ့ စာကြည့်တိုက်၌ ဆွေးနွေးကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင်ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးဌေးဦး(နွေဦးကိုကို)၊ ဦးစိန်ဝင်း(စိန်ဝင်းနွယ်၊ ဘာသာပြန်)၊ ဦးခင်မောင်ကျော် (ရဲမွန်ကျော်)၊ ဒေါ်ချယ်ရီအောင်သန်း(ချယ်ချယ်-YU)၊ ဦးသန်းမင်းထွန်း (မောင်သန်းညွန့်-မြစ်မြေ)၊ဦးလင်းထွဋ်(ကိုလင်း-အညာမြေ)၊ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)၊ ဒေါ်သက်သက်မွန် နှင့် စာပေဝါသနာရှင်တို့က "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက် အလက်များကို မိမိတို့၏ဘဝအတွေ့ အကြုံများနှင့်ယှဉ်ကာ စာအုပ်စာပေများ ဖတ်ရှု လေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်းဖလှယ်ကာဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန်အတွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)