စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဗန်းမော်    အောက်တိုဘာ    ၂၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် အသေးစားထုတ်ကုန်များဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးတက်ရေးလုပ်ငန်းစီမံကိန်းသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို  ဗန်းမော်မြို့ တာမိုင်းလုံကျေးရွာ ဓမ္မာရုံတွင် အောက်တိုဘာ ၂၀ ရက် နံနက် (၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက "ကျေးလက်နေအတွင်းရှိ အမျိုးသမီးငယ်များမှစက်ချုပ်ဒီဇိုင်းနာကောင်းများ ပေါ်ထွက် လာစေရန်၊ကျေးလက်နေအမျိုးသမီးများမှ စက်ချုပ်နည်းပညာကို အသုံးပြု၍ အထည်များ ကိုဒီဇိုင်းလှပခေတ်မီစွာဖန်တီး၍ဈေးကွက်ဝင်အထည်များအဖြစ်ထုတ်လုပ်ရောင်းချနိုင်ရန်၊ကျေးလက် နေအမျိုးသမီးများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက  ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း" အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဗန်းမော်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး တာမိုင်းလုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက စက်ချုပ်နည်းပညာ သင်တန်းသို့ တက်ရောက်ခဲ့ကြသည့် သင်တန်းသူ(၁၅)ဦးမှ အမှန်တကယ်လုပ်ငန်းထူထောင်မည့် သင်တန်းသူ (၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ခံခဲ့ရသည့် သင်တန်းသူများအား တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်