မိုးညှင်းမြို့၌ ဒုတိယအကြိမ် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများပေးအပ်ပွဲကျင်းပ

မိုးညှင်း အောက်တိုဘာ ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် ဒုတိယအကြိမ် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်း ဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံ နက်(၁၀)နာရီက အင်ကြင်းကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က မွမ်းမံစက်ချုပ် နည်းပညာ သင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက တက်ရောက်လာကြသည့် သင်တန်းသူများအား အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မိုးညှင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုတို့က ထူးချွန်သင်တန်းသူ (၅)ဦးအား အပ်ချုပ်စက်၊ ဘီတင်စက်နှင့် ကင်းချည်စက်များကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ခရိုင်စီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်နိုင်ဦးက သင်တန်းသူများအား ကုန်ချော ပစ္စည်းများကိုလည်းကောင်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ယဉ်ယဉ်မြင့်က သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဉီးစောဝင်းအောင်က ထူးချွန်သင်တန်းသူများအား ဆုများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြကြောင်း သိရသည်။

ထို့နောက် သင်တန်းသူများအားလုံးကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာစီမံကိန်းကော်မတီ အဖွဲ့ဝင်များနှင့် သင်တန်းသူများအား အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကြပြီး ခင်းကျင်းပြသထားသည့် သင်တန်းသူများ၏ လက်တွေ့ချုပ်လုပ်ထားသော အဝတ်အထည်များ၊ အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်ဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာရေးနှစ်တွင် အင်ကြင်းကုန်း ကျေးရွာ၌ ဒုတိယအကြိမ် မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းကို သင်တန်းသူ (၁၅)ဦးဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၆)ရက်မှ (၂၀)ရက်အထိ (၁၅)ရက်ကြား ဖွင့်လှစ်သင်ကြားပို့ချနိုင်ခဲ့ပြီး ရိုးရိုးအင်္ကျီ ရင်ဖုံး/ရင်စေ့၊ နောက်ကွဲ၊ ဘောင်းဘီရှည်၊ သုံးလွှာစကပ်၊ လေးလွှာစကပ်၊ ချိတ်စကပ်၊ နောက်ကြယ် သီးတပ်၊ နောက်ဇစ်၊ ကလေးဝတ် သင်္ဘောသားအင်္ကျီ၊ ကလေးဂါဝန်၊ အမျိုးသမီးရင်စေ့နှင့် ရင်ဖုံး စသည့် ဘာသာရပ်များကို ဖွင့်လှစ်သင်ကြား ပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း