မြေပုံမြို့၊ သဲတန်း(အရှေ့)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မြေပုံ  အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဲတန်း(အရှေ့)အခြေခံပညာမူလတန်းကျောင်း၌ ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်ခြင်းကို ယနေ့နေ့လယ်(၁၂)နာရီအချိန်က ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်းရွှေက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်သော ကလေးသူငယ်ဥပဒေ၊ နည်း ဥပဒေများရေးဆွဲကာ ပြစ်ဒဏ်ချမှတ်ခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသတ်မှတ်ပေးခြင်း၊ ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခြင်းတို့ကို အသိပညာပေးဟောပြောပြီး ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးကာ လူတော်လူကောင်းများပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

တင်ဝင်း