ဒိုက်ဦးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ဒိုက်ဦး အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲကျေးရွာအုပ်စု ကွင်းအမှတ်(၄၀၅က)ဦးပိုင် (၅/၂၁)တောင်သူဦးလှမြင့် စိုက်ပျိုးထားသည့် ဆင်းသုခစပါးမျိုးသန့်စိုက်ခင်းအား မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယ‌နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းနောင်၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများတက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

လက်ရှိဆင်းသုခ စပါးမျိုးသန့်စိုက်ခင်းအား မိုးစပါးစံကွက်ရိတ်သိမ်းရာ စံကွက်အစိုအထွက်နှုန်း (၁၂၅တင်း)နှင့် အခြောက်အထွက်နှုန်း(၁၁၅တင်း) ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)