​​​​​​​ကျိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

ကျိုင်းတုံ အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့်  အောက်တိုဘာ ၂၀ ရက်က စာဖတ်ဝိုင်း ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် အသိပညာ၊ ဗဟုသုတများ တိုးပွားပြီး ပျော်ရွှင်အောင်မြင်သော ဝန်ထမ်းဘဝများ ရရှိစေမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက “အလုပ်တန်ဖိုး၊ ဝန်ထမ်းကောင်း၊ လုပ်ငန်းအောင်မြင်မှုဆိုတာ၊ ကျင့်ဝတ်ကျင့်ထုံး” စသည့် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ပါ အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)