လိပ်သို အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယမန်နေ့နေ့လယ်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးရာတွင် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေ တစ်လလျှင် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ (၃) လစာအတွက် (၃၀၀၀ဝိ/-) ကျပ်ဆီကို မြို့ပေါ်/ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွား (၄၅) ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီကို တာဝန်ရှိသူတို့က အိမ်အရာက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)