မိုင်းဖြတ် အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပသွားမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲေဥက္ကဋ္ဌ ဦးညီညီအောင်က (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန် စီစဉ်ကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်သာသနာရေးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူက မဟာဘုံကထိန်ပွဲတော်အတွက် အလှည့်ကျ စီစဉ်ကျင်းပမည့် ဘုန်းတော်ကြီးကျောင်းများနှင့် စာရင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မဟာဘုံကထိန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မြိုနယ်ဂေါပကအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်စီစဉ်ဆောင်ရွက်ရမည့် အခြေအနေများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့၊ ကွက်သစ်ရပ်ကွက်ရှိ စိတ္တသုခကျောင်းတိုက်တွင် စီစဉ်ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက စုပေါင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)