ရွှေပြည်သာ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၌ တောင်သူများအား လယ်ယာမြေဥပဒေအကြောင်းအသိပညာပေးးရှင်းလင်းပွဲနှင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၁)ရပ်ကွက်(မြကျွန်းသာ)ကျေးရွာစာကြည့်တိုက်၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးခင်မောင်မြင့်၊ မြို့နယ်မြေစာရင်းမှကွင်းတာဝန်ခံဦးအောင်မင်းထက်တို့က လယ်ယာမြေဥပဒေနှင့်ပတ်သက်၍ တောင်သူများအား အသိပညာပေးရှင်းလင်းခြင်းနှင့်တောင်သူအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
လယ်ယာမြေဥပဒေအကြောင်းအသိပညာပေးရှင်းလင်းပွဲနှင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးခင်မောင်မြင့်မြို့နယ်မြေစာရင်းမှ ကွင်းတာဝန်ခံဦးအောင်းမင်းထက်အမှတ်(၂၁)ရပ်ကွက်(မြကျွန်းသာ)မှ ရာအိမ်မှူးဆယ်အိမ်မှူးများနှင့် တောင်သူများတက်ရောက်ကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)