ကွမ်းခြံကုန်းမြို့နယ်၌ အယ်နီညိုရာသီဥတုနှင့် ငါးလုပ်ငန်းအပေါ် ရင်ဆိုင်ကြုံတွေ့နိုင်မည့် အခြေအနေများ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်း အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ အယ်နီညိုရာသီဥတုနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နိုင်မည့် အခြေအနေများအား ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာ၊ ကံလျှားရှည်ကျေးရွာများတွင်  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦး ကွမ်းခြံကုန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရင်ရှိန်က ငါး၊ပုစွန်၊ ကဏန်းမွေးမြူသူတောင်သူများ၊ ငါးဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်သားများအား အယ်နီညိုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်း၊ အယ်နီညိုဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောက်ရွက်ခြင်းနှင့် အယ်နီညိုဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ စီမံဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ထိုနောက် တက်ရောက်လာသည့် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူသူတောင်သူများ၊ ငါးဖမ်းခြင်းလုပ်ငန်းလုပ်ကိုင်သည့် ရေလုပ်သားများက သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးရင်ရှိန်က ပြန်လည်းဖြေကြားခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)