မိုင်းစံ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့ဦးစီးမှူး ဦးမြင့်သောင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် ပြုလုပ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးအား ယနေ့ မွန်းလွဲ (၁)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပေးအပ်ခဲ့သည်။
အဆိုပါဆောင်ရွက်နေမှုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးပြည့်လှိုင်နှင့် အခြားဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)