မိုင်းစံ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြိုနယ် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသားကျောင်းသူများအား လမ်းဦးစီးဌာနမှ ဦးဝင်းလွင် (SSAE)မှ ဦးဆောင်၍ ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်က အာဟာရတိုက်ကျွေးခြင်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျောင်းသားကျောင်းသူများအားလုံး ကိုယ်ခံအားကောင်းစေရန်၊ သွေးလွန်တုပ်ကွေးဖျားနာခြင်းများ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်ရန်၊ ဦးနှောက်ဥာဏ်ရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သန့်ရှင်း၍ အာဟာရပြည့်ဝသောအစားအစာများ စားသောက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ကြာဇံဟင်းခါးအာဟာရကို တိုက်ကျွေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်မြင့်မြင့်မော်ထံမှ သိရှိရသည်။
အဆိုပါဆောင်ရွက်မှုတွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူ(၄၉၁)ဦးအတွက် လမ်းဦးစီးဌာနမှ အာဟာရတိုက်ကျွေးခြင်းဖြစ်ကြောင်းသိရသည်။
မိုင်းစံ(ပြန်/ဆက်)