လားရှိုး အောက်တိုဘာ ၂၀
လားရှိုးမြို့တွင် MPT ၏ (၁၂)ကြိမ်မြောက် စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ ခုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှဝန်ထမ်းများနှင့် ပြင်ပတို့မှ စေတနာရှင် သွေးလှူရှင် စုစုပေါင်း သွေးလှူရှင် စုစုပေါင်း (၅၈)ဦးတို့က သွေးလိုအပ်နေသူများအတွက် စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။
သွေးလှူဒါန်းပွဲသို့ မြန်မာဆက်သွယ်ရေးလုပ်ငန်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်မန်နေဂျာ ဦးမြတ်ဇင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်းနှင့် ဝန်ထမ်းများ၊ စေတနာသွေးလှူရှင်များ တက်ရောက်ခဲ့ကြသည်။
စေတနာသွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းတွင် MPT မှလည်း တာဝန်သိ လူမှုအကျိုးပြု လုပ်ငန်းများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး သွေးသည် လူတစ်ယောက်မှ အခြားလူတစ်ယောက်သို့ ပေးအပ်နိုင်သည့် အမွန်မြတ်ဆုံးလက်ဆောင် သို့မဟုတ် အသက်ကယ်ပေးခြင်းဖြစ်သောကြောင့် စုပေါင်းသွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းခြင်းတွင် ဝင်ရောက်သွေးလှူဒါန်းခဲ့ကြသည့် စေတနာရှင် သွေးလှူရှင်များအား MPTမှထုတ်ဝေသော တီရှပ်အင်္ကျီနှင့် အမှတ်တရပစ္စည်းများ၊ အာဟာရဖြည့်စွက်စာများဖြစ်သည့် ကြက်ဥနှင့် မုန့်များ မေတ္တာလက်ဆောင်အဖြစ် ပေးခဲ့ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)