မိုးမိတ်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Izal Kaeru Caravan) အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်

မိုးမိတ် အောက်တိုဘာ ၂၀ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက ဦးဆောင်၍ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ် (Izal Kaeru Caravan) အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ  ဦဇော်မော်က သဘာဝဘေးအန္တရာယ် / ဘေးအန္တရာယ် မဖြစ်ပွားမီ ကြိုတင်သတင်းရရှိပါက မည်ကဲ့သို့ဆောင်ရွက်ရမည်ကို သိရှိနားလည်စေရန်၊ သဘာဝဘေးအန္တရာယ် ဖြစ်ပွားကြုံတွေ့လာပါက ကလေးသူငယ်များအနေဖြင့် မိမိကိုယ်တိုင် (သို့မဟုတ်) ပတ်ဝန်းကျင်အားကူညီပေးနိုင်ရန်၊ သဘာဝဘေးအန္တရာယ် /ဘေးအန္တရာယ် ဖြစ်ပွားပြီးပါက ကလေးသူငယ်များအနေဖြင့်မည်ကဲ့သို့ ပြုမူနေထိုင်သင့်သည်ကို သိရှိနားလည်စေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မော်နှင့် တပ်ဖွဲ့ဝင်များက ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် လျော့နည်းစေရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးအစီအစဉ်အဖြစ် ကလေးသူငယ်များအနေဖြင့် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးအသုံးပြုပုံအဆင့်ဆင့်နှင့် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးနည်းလမ်းများ၊ ရှေးဦးလူနာပြုစုနည်းများ၊ ဒဏ်ရာရလူနာများအား သယ်ပို့နည်းစနစ်များ၊ မီးသတ်ပိုက်ဖြင့် မီငြှိမ်းသတ်နည်းများ၊ သဘာဝဘေးအန္တရာယ် လျော့နည်းစေရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်အဖြစ် အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)