ကျောက်တံတား အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းခေတ်မီစာကြည့်တိုက်တွင် အောက်တိုဘာလ(၁၈)ရက်နေ့ နံနက်(၁၀)နာရီအချိန်က စာရေးသူ၊ စာဖတ်သူ စကားဝိုင်းဆွေးနွေးကျင်းပခဲ့သည်။
စာရေးသူ၊ စာဖတ်သူစကားဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရဲနောင်ချစ်နှင့် လေအန်ကုန်းစာပေရပ်ဝန်းအတွင်းရေးမှူး ဆရာချစ်မုန်းငြိမ်းတို့က ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာရေးဆရာမောင်သာ (ရှေးဟောင်းသုတေသန)၏ ပုဂံရာဇဝင်ထဲက ဗျတ်ဝိ၊ မအိုဇာနှင့် သထုံမြို့ဟောင်း ဆောင်းပါးအား စာရေးသူနှင့် တက်ရောက်လာကြသူများက အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြပြီး၊ လူငယ်လူရွယ်တွေ စာဖတ်ချင်လာအောင်၊ စာဖတ်ရှိန်တွေ ပိုမိုမြင့်မားလာအောင် ဆောင်ရွက်ကြရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်၊၊
အဆိုပါ စာရေးသူ၊ စာဖတ်သူဆွေးနွေးပွဲသို့ ကျောက်တံတားမြို့နယ် စာအုပ်၊ စာစောင်ချစ်မြတ်နိုးများသူများအဖွဲ့ (Book Club)အဖွဲ့ဝင်များနှင့် လေအန်ကုန်းမှ စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ စာရေးဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်၊၊
မြို့နယ် (ပြန်ဆက်)