သာ​ကေတမြို့နယ်တွင် ဖြန့်ဖြူးရောင်းချရမည့်စားအုန်းဆီ ခွဲတမ်းအလိုက် သတ်မှတ်ချက်နှင့်အညီ မှန်ကန်စွာ ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေး

သာကေတ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်အတွင်းရှိ စျေးများ၊ ကုန်ပစ္စည်း အရောင်းဆိုင်များတွင် ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ညွန်ကြားချက်နှင့်အညီ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဇင်္ဂမလမ်း၊ ၁/အနော်မာ ရပ်ကွက်ရှိ၊ ၁/ စျေးအတွင်း၊ အပြင်များရှိ လက်လီ၊ လက်ကားရောင်းချသည့်ဆိုင်များအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

သာကေတမြို့နယ်ရှိ ပြည်သူများစျေးနှုန်းမှန်ကန်စွာဖြင့် စားအုန်းဆီများအား အခက်အခဲမရှိ ဝယ်ယူနိုင်ရေးအတွက် လက်လီ၊ လက်ကား ရောင်းချသည့်ဆိုင်များအား သတ်မှတ်ခွဲတမ်းများ ခွဲဝေချထားပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အမှန်တကယ်ရောင်းချဖြန့်ဖြူးခြင်း ရှိ၊ မရှိ၊ သတ်မှတ်ထားသည့်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ သာကေတမြို့နယ်အတွင်း ရပ်ကွက်(၁၉)ရပ်ကွက်အလိုက် တာဝန်ရှိသူများမှ ​အချိန်နှင့်တစ်ပြေးညီ အနီးကပ်ကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)