ဘူးသီးတောင် အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါး ဆေးထိုးသားဖေါက်ခြင်း (ဒုတိယအကြိမ်) နည်းပညာပေးသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က ဘူးသီးတောင်မြို့နယ်က ကျဘက်ကံပြင်ငါးသားဖေါက်စခန်း၌ ကျင်းပသည်။
ရှေ့ဦးစွာ ဘူးသီးတောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးဆန်းဝင်းမှ ငါးသယံဇာတများ စဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝမြှင့်မားလာစေရေး၊ ဝင်ငွေပိုမိုရရှိပြီး တိုင်ပြည်သာယာဝဖြိုးစေရေးနှင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားဖေါက်ခြင်း နည်းပညာပေး (ဒုတိယအကြိမ်) သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာများအား အကျယ်တဝင်း ရှင်းလင်းပြောကြားပြီး ရေချိုငါးသားဖေါက်စခန်းတာဝန်ခံ ဦးကျော်ဝင်းအောင်နှင့် စခန်းဝန်ထမ်းများမှ ငါးမွေးတောင်သူများအား အကျိုးရှိရလဒ်ကောင်းများ ပိုမိုရရှိနိုင်ရေးအတွက် စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၀)ရက်နေ့ထိ (၂)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)