တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ဥက္ကလာပ အောက်တိုဘာ ၂၀

ရန်ကုန်တိုင်း‌ဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌အောင်မြတ်မိုးက သက်ဆိုင်ရာဌာနဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီစဉ်များ၊   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက် (၉)ရပ်အား  အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြို့နယ်အတွင်း‌ ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ အခက်အခဲများအားလုံးကို ပူးပေါင်းဆောင်ရွက်ကြရန် ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်၊ လုပ်ငန်းအားလုံးအတွက် လုံခြုံရေးအရေးကြီး၍ အထူးသတိရှိရန်လိုအပ်ကြောင်း စသည်ဖြင့်ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ လတ်တလောလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်သည်များကို တင်ပြ‌ဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအ‌ဝေး ပြီး‌‌မြောက်ခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)