မိုင်းယောင်း အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စက်မှုလုပ်ငန်းသုံးပစ္စည်းများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးပွဲကို ယနေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကား ပြောကြားပြီး စက်မှုဝန်ကြီးဌာန ကျိုင်းတုံခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက ပုဂ္ဂလိက စက်မှုလုပ်ငန်းများအနေနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်း ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီး လုပ်ကိုင်နိုင်မှု၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းများ မှတ်ပုံတင်ပြီး SME အသင်းဝင်ကတ် လျှောက်ထားနိုင်မှု၊ ထို့ပြင် အိမ်တွင်းစက်မှုလုပ်ငန်းများ၊ ထုတ်ကုန်လုပ်ငန်း မဟုတ်သော ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် ရောင်းဝယ်ရေး လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများသည်လည်း SME အသင်းဝင်ကတ် လျှောက်ထားနိုင်မှု အခြေအနေတို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
အဆိုပါ အသိပညာပေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျိုင်းတုံခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများ စုစုပေါင်း ၂၅ ဦး တက်ရောက်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း