မန္တလေးမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်လှစ်

မန္တလေး   အောက်တိုဘာ   ၂၀

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (မန္တလေး) တွင်  အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း အမှတ်စဉ် (၄/၂၀၂၃) ကို ယမန်နေ့နံနက်(၉)နာရီက ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်း‌ကျောင်း(မန္တလေး)တွင် ဖွင့်လှစ်သည်။

ရှေးဦးစွာ  မန္တလေးတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊  ညွှန်ကြားရေးမှူး ဒေါ်မို့မို့သွင်က အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်၊ လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရှိစေရန်၊ အသက်မွေးဝမ်းကြောင်းပညာရပ်အဖြစ် လုပ်ကိုင်တတ်စေရန်၊ သင်တန်းကို ပြီးမြောက်အောင်တက်ရောက်ကြရန် ဆွေးနွေးမှာကြားသည်။ ဆက်လက်ပြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး) ကျောင်းအုပ် ဦးဝင်းမင်းစိုးက သင်တန်းဆိုင်ရာ စည်းကမ်းချက်များနှင့်သင်ကြား‌ပေးမည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

အဆိုပါသင်တန်းကို အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ (၄)ပတ်ကြာ နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းသား စုစုပေါင်း(၃၀)ဦး တက်ရောက်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်