သီပေါ အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါများ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံရေးအတွက် အသိပေးနှိုးဆော်ခြင်းများကို ယနေ့နံနက် (၈)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် သီပေါမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ပါ။ လက်ကို စက္ကန့်(၂၀)ကြာအောင် စင်ကြယ်စွာဆေးပါ။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေပါ။ တတ်နိုင်သမျှ မိမိအိမ်တွင်း၌သာ နေထိုင်ပါ။ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးပါ။ လူစုလူဝေး ရှောင်ရှားကြရန်နှင့် မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှုခံယူရန် စသည့်ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများနှင့် ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြပါရန် အသိပေး တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)