တပ်ကုန်း အောက်တိုဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက်၊ လူငယ် အားကစားသမား ရွက်ပုန်းသီးများ ပေါ်ထွန်းလာစေရေးအတွက် အနော်ရထာရပ်ကွက်၊ ၁၃ နှစ် ပြည့် ရွှေသင်္ခါပညာရေးဖောင်ဒေးရှင်း အလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါရပ်ကွက်ဘောလုံးကွင်းတွင် ကျင်းပသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်းငါးသင်း၊ ပတ်လည်ယှဉ်ပြိုင်ကစားခဲ့ပြီး၊ ဗိုလ်လုပွဲတွင် Golden Brother အသင်းနှင့် Team Kira အသင်းတို့ ယှဉ်ပြိုင်ကစား၍ Golden Brother အသင်းက Team Kira အသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး၊ ဆုပေးပွဲတွင် ပထမ၊ ဒုတိယ ရရှိသည့် အသင်းများနှင့် ဂိုးအများဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆုနှင့် ဂိုးသမားဆုများ ရရှိသည့် အားကစားသမားများအား အနော်ရထာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်နှင့် ရွှေသင်္ခါပညာရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ဆုဖလားနှင့်ဆုတံဆိပ်များ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်