ဒလ အောက်တိုဘာ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှု စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဒေါ်ဟေမာန်နှင်းက စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှု စာအုပ်ထဲမှာပါသည့် “စည်းရုံးရေးစွမ်းရည်” ခေါင်းစဥ်ဖြင့် လူအများနဲ့ပေါင်းသင်း ဆက်ဆံရတာကို နှစ်သက်လာအောင် မိမိစိတ်ကိုပြုပြင်ပျိုးထောင်ရန်၊ မိမိပတ်ဝန်းကျင်က လူတွေနဲ့အဆင်ပြေဖို့ မေတ္တာရှေ့ထားပြီးဆက်ဆံပြောဆိုရန်၊ စေတနာမေတ္တာအရင်းခံနဲ့ ဆက်ဆံပြောဆိုလျှင် ရန်သူကတောင် တုံ့ပြန်လေးစားချစ်ခင်နိုင်ခြင်းနှင့် လူမှုဆက်ဆံရေး အရည်အသွေးနဲ့ စွမ်းအင်ကလည်း သိသိသာသာတိုးတက်လာလိမ့်မည်။ ဆက်လက်၍ စာပေဝါသနာရှင် ဒေါ်ချိုချိုက “တိုင်းပြည်ကောင်းအောင် ခေါင်းဆောင်အဆင့်တိုင်းအရေးကြီး” ခေါင်းစဥ်ဖြင့် စာပေချစ်မြတ်နိုးသူဝါသနာရှင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များငှားရမ်းပေးခြင်း (Talk Show) နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းအပြင် သင်တန်းများ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပလျက်ရှိသည်။
မြင့်ဇော်(ပြန်/ဆက်)