သာစည် အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး မိတ္ထိလာခရိုင် သာစည်မြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော ်ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ကျပ်သိန်း(၁၅၀) ထောက်ပံ့ပေးပြီး ကျေးရွာပြည်သူထည့်ဝင်ငွေ၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ လုပ်အားများ ပူးပေါင်း၍ အရှည်ပေ ၇၆၀ ပေ ၊ အကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် သာစည်မြို့နယ် ညောင်အိုင်ကျေးရွာ ကျေးရွာတွင်းလမ်းပြီးစီးမှု အခြေအနေမျာကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာဖွံဖြိုးရေးကော်မတီဝင်များနှင့်အတူ လမ်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်သိန်း(၁၅၀) ဖြင့် ကျေးရွာ (၈) ရွာတို့တွင် ကျေးရွာများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ပြည်သူထည့်ဝင်ငွေ၊ ကျေးရွာသူ၊ ကျေးရွာသားများ၏ လုပ်အားများ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်