မလှိုင်မြို့ပေါ်(၄)ရပ်ကွက်မှဒေသခံပြည်သူများအား ဆန်များအခမဲ့ဖြန့်ဝေ

မလှိုင်  အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ပေါ်ရပ်ကွက်နေပြည်သူများ စားနပ်ရိက္ခာအထောက်အပံ့ ဖြစ်စေရေးအတွက်နှစ်စဉ် မလှိုင်မြို့ အမှတ်(၄)ရပ်ကွက်နေ ဦးတင်ထွန်း+ဒေါ်ခင်ဌေးဦး (ငွေတိုက်စိုး ကုမ္ပဏီ) မိသားစုတို့မှ မြို့ပေါ်ရပ်ကွက်ရှိ အိမ်ထောင်စု(၆၀၀)တို့အား ယမန်နေ့ညနေက အခြေခံစားကုန်ဖြစ်သည့်ဆန်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

မလှိုင်မြို့တွင် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄) ရပ်ကွက်  စုစုပေါင်း (၄)ရပ်ကွက်ရှိပြီး တစ်ရပ်ကွက်လျှင် အိမ်ထောင်စု(၁၅၀) ၊ (၄)ရပ်ကွက်အတွက် စုစုပေါင်း အိမ်ထောင်စု(၆၀၀)တို့အား အိမ်ထောင်စုတစ်စုလျှင်(၄)ပြည်နှုန်း စုစုပေါင်း၊ ဆန်အိတ်(၁၀၀)၊ ကာလတန်ဖိုး (၇၂)သိန်းကျပ်ကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နေ ငွေတိုက်စိုးကုမ္ပဏီလီမိတက်မှ နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိပြီး ယခုနှစ်လှူဒါန်းမှုမှာ(၁၀)ကြိမ်မြောက် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ဆန်အိတ်ထောက်ပံ့ပေးအပ်ရာသို့ မြို့ပေါ်(၄)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေခဲ့ကြောင်း သိရှိရသည်။

အောင်ဌေး(မလှိုင်)