ငါ့သရောက်မြို့တွင် မိုးရွာသွန်းမှုကောင်းသဖြင့် မြေပဲအထွက်နှုန်းကောင်းမွန်

ညောင်ဦး အောက်တိုဘာ  ၁၉

ညောင်ဦးမြို့နယ် ငါ့သရောက်မြို့တွင် မိုးရွာသွန်းမှုကောင်းမွန်ပြီး မိုးရေကောင်းစွာရရှိခဲ့သည့်အတွက် မြေပဲများအထွက်နှုန်းကောင်းမွန်ကြောင်း ကုလားတဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်ထံကသိရသည်။

ငါ့သရောက်မြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း ညောင်ဦးခရိုင်တွင်ပါဝင်ကာ တစ်နှစ်ပတ်လုံး မိုးရေချိန် နှစ်ဆယ်လက်မအောက်တွင်သာရွာသွန်းသည့် မိုးနည်းရပ်ဝန်းဒေသဖြစ်သည်။ မိုးရာသီတစ်ခုတည်းသာ စိုက်ပျိုးရေး လုပ်ကိုင်နိုင်သည့်မြို့ဖြစ်ပြီး နှမ်း၊ မြေပဲ၊ ပဲစင်းငုံနှင့် ပြောင်းတို့ကို အဓိကစိုက်ပျိုးကြသည်။ ယခုနှစ်တွင် မိုးဦးမိုးရွာသွန်းခြင်းမရှိသည့်အတါက် နှမ်းစိုက်သူများ နှမ်းထွက်နှုန်းလျော့နည်းခဲ့သော်လည်း မိုးလယ်တွင် သုံးလမြေပဲစိုက်ပျိုးချိန် မိုးလယ်တွင် မိုးရွာသွန်းမှုကောင်းမွန်သည့်အတွက် သုံးလမြေပဲနုတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ကြောင်း၊ မျိုးမြေပဲငါးတင်းစိုက်ပျိုးခဲ့ရာ မြေပဲနုတ်ချိန်တွင် တင်း (၂၀၀) ခန့်ရှိသည်ကို တွေ့ရကြောင်း ၎င်းကဆက်ပြောသည်။

ဒီပါလင်း