ရန်ကုန် အောက်တိုဘာ ၂၁
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ပါစာအိတ်များထည့်မည့် ကြိုတင်မဲပုံးများအား အလွတ်များဖြစ်ကြောင်း ပြသပြီး လုံခြုံရေးကြိုးများဖြင့်ချိတ်ပိတ်ခြင်းကို ယမန့်နေ မွန်းလွဲ(၁)နာရီ၌ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့သည်။
သာကေတမြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်နှင်းယုကျော် တို့မှဦးဆောင်၍ တက်ရောက်လာသည့် ကိုယ်စားလှယ်လောင်း များ၏ ရှေ့တွင်ကြိုတင် မဲပုံးများသည် အလွတ်ဖြစ်ကြောင်းပြသပြီးသည်နှင့် တပြိုင်နက် ချိတ်ပိတ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ သာကေတမြို့နယ်တွင် မဲရုံ(၂၁၁)ရုံ၊ မဲဆန္ဒရှင် ပြည်သူ (၁၇၁၁၂၃)ဦး၊ ပြည်ပရောက်မဲဆန္ဒရှင်(၁၀၃၇)ဦးနှင့် အကြောင်းအမျိုးမျိုးကြောင့် မိမိမဲဆန္ဒနယ် သို့ မလာရောက်နိုင်သောပြင်ပရောက်မဲဆန္ဒရှင်ဦးရေမှာ ယနေ့အထိ(၂၆၀)ဦးခန့်ရှိပြီး၊ သက်ကြီး ရွယ်အိုများ၊ မသန်စွမ်းသူများ၊ နာမကျန်းဖြစ်နေသူများကိုလည်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေး အတွက် အောက်တိုဘာလ(၂၉)ရက်နေ့မှစ၍ သက်ဆိုင်ရာရပ်ကွက်ကော်မရှင်ခွဲများမှ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး ဦးစီးအရာရှိ ဒေါ်နှင်းယုကျော်ထံမှ သိရသည်။
ကိုဘုန်း(ပြန်ဆက်)