ရန်ကုန် အောက်တိုဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးအတွက် PPE ဝတ်စုံ(၁၀၀)စုံနှင့် Oxygen Cylinder များကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ် များတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ဦးမောင်မောင်လွင်(သရဖူဖျော်ရည်) မိသားစုမှ K12 Patient Monitor(၃)လုံး၊ ကိုအောင်ဇော်မိုး+မမို့မို့သန့် (ကောင်းကြွယ်လှ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေး၊ စော်ဘွားကြီးကုန်း၊ အင်းစိန်) မှ PPE ဝတ်စုံ(၅၀)စုံ၊ ဦးသန်းမြင့်+ဒေါ်တင်မာ (လှိုင်)မှ PPE ဝတ်စုံ(၅၀)စုံ၊ ဒေါ်ခင်ချိုချို(တိုကျို၊ ဂျပန်)မှ Oxygen Cylinder 15L(၁)လုံး၊ ဦးတင်ထွန်းဦး (တိုကျို၊ ဂျပန်) မှ Cylinder 15L(၁)လုံး၊ ဒေါ်ခင်မြင့်၊ ဒေါ်မြသစ္စာကျော်၊ ဒေါ်မြမဉ္ဇူတို့မှ Oxygen Cylinder (၃)အိုး၊ ဦးတင်ထွန်း+ဒေါ်စမ်းစမ်းဌေးမှ Oxygen Cylinder (၁၀)အိုး၊ ဒေါ်မြင့်မြင့်စိန်၊ ဒေါက်တာ ထက်ဖြိုးအောင်(မိသားစု)မှ Oxygen Cylinder (၁)အိုးတို့အား အလှူရှင်များက အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)သို့ အသီးသီး လှူဒါန်းရာ အင်းစိန်အထွေထွေရောဂါ ကုဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ဇွဲထက်ကို(ပြန်/ဆက်)