လားရှိုးမြို့အဝင် ပြည်ထောင်စုလမ်းမကြီး ၊ မြို့တွင်းလမ်းတိုးချဲ့ဆောင်ရွက်မှုများ စတင်ဆောင်ရွက်

လားရှိုး အောက်တိုဘာ ၁၉

လားရှိုးမြို့တွင်း ခရီးသွားလာသူများ ပိုမိုအဆင်ပြေစေရေးအတွက် လားရှိုး-မန္တလေးပြည်ထောင်စုကားလမ်းမကြီး လားရှိုးမြို့အဝင်လမ်းမကြီးကို တိုးချဲ့ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

လမ်းအဆင့်မြှင့်တင်တိုးချဲ့ခြင်းလုပ်ငန်းကို အောက်တိုဘာလ ဒုတိယပတ်မှ စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး လမ်းသားတိုးချဲ့ခြင်း၊ လမ်းနှင့်မလွတ်ကင်းသော သစ်ပင်ခြုံနွယ်များရှင်းလင်းခြင်း၊ ကျောက်သားဖို့ခြင်းများ ဆောင်ရွက်နေပြီဖြစ်သည်။

လမ်းတိုးချဲ့အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်းကို လားရှိုးမြို့အဝင် မုဒ်ဦးအနီးမှ မြို့တော်ခန်းမအထိ လတ်တလောဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၄ ဇန်နဝါရီလတွင် လားရှိုးမြို့အထွက်လမ်းရှိ  အေတီတံတားအထိတိုးချဲ့၍ အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့အဝင်လမ်းသည် ယခင်က နှစ်လမ်းသွားလမ်းသာဖြစ်ပြီး ယခုအခါ လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)