စစ်ဗျူဟာမှူးဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကွန်ဟိန်း အောက်တိုဘာ ၁၉

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေး၊ နိုင်ငံတော်ဂုဏ်ဆောင်အားကစား သမားများ ပေါ်ထွန်းနိုင်ရေးနှင့် ဖူဆယ်အားကစားနည်း အဆင့်အတန်းမြင့်မားရေးတို့အတွက် ကွန်ဟိန်း စစ်ဗျူဟာမှူးဖလား အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဝင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး ဝင်းမင်းသန့်က ဖူဆယ်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့နောက် မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းက ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး အစည်းအဝေးတက်ရောက်လာကြသည့် မြို့နယ် ရပ်မိရပ်ဖအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)