ပုဗ္ဗသီရိမြို့နယ်၌ EVM စက်အသုံးပြုမဲပေးပုံနည်းစနစ်များ ရှင်းလင်းသရုပ်ပြပွဲဆက်လက်ကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ် မဲပေးစက် (EVM) စက် အသုံးပြုနည်းနှင့်စပ်လျဉ်း၍ ရှင်းလင်းသရုပ်ပြခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးညီညီလွင်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(EVM) စက်အသုံးပြုခြင်းနှင့် ပတ်သက်သည့် အချက်များကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသည့် ပြည်သူများအား လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ အဖွဲ့ဝင်ဦးခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိန်ကြည် နှင့်အဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊  ပြည်သူ များ စုစုပေါင်း ၂၂၅ ဦးခန့် တက်ရောက်ခဲ့သည်။

ဆက်လက်၍မွ န်းလွဲ၁ နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ စုစုပေါင်း ၂၁၆ ဦးတို့ဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (EVM)စက် အသုံးပြုခြင်းနှင့်ပတ်သက်၍ စမ်းသပ်သရုပ်ပြမဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)