လဲချားတွင် နေရပ်စွန့်ခွာပြည်သူများအား မွေးမြူရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ဒေသဝက်များ ထောက်ပံ့

လဲချား အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့၌ နေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်သို့ ပြန်လည်ဝင်ရောက်လာရာ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ လဲချားမြို့မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှဒေသဝက်များထောက်ပံ့ခြင်းကို ယနေ့နေ့လည် ၁၂ နာရီအချိန်က မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ခရိုင်မှူးဒေါက်တာ အောင်ဆန်းဝင်းက ဒေသဝက်များ မွေးမြူနိုင်ရေးအတွက် ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လဲချားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဒေသဝက်ကောင်ရေ (၄၀)အားအိမ်ထောင်စု(၄၀)သို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

လဲချား (မြို့နယ် ပြန်/ဆက်)