ပင်းတယ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ဆင်ခေါင်းရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲတွင် ယနေ့နံနက်ပိုင်းက၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပင်းတယမြို့နယ်ဘဏ်ခွဲမှ ၂၀၂၃ခုနှစ်၊ ဆောင်းရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ကျောက်စုကျေးရွာအုပ်စုနှင့် ညောင်ကောက်ကျေးရွာအုပ်စုရှိ တောင်သူ(၅၂)ဦးတို့အား ပန်းနှမ်းသီးနှံစိုက်ဧက(၂၄၇)ဧက၊ နေကြာစိုက်ဧက(၃၁)ဧကအတွက် ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းကျပ်(၂၇၈၀၀၀၀၀)သိန်းအား ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပင်းတယမြို့နယ်အတွင်းရှိ ရာသီအလိုက်သီးနှံများ စိုက်ပျိုးစရိတ်ချေးငွေပေးဆပ်ပြီးသော ကျေးရွာအုပ်စုများရှိစိုက်ပျိုးတောင်သူများအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဆောင်းရာသီသီးနှံစိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်းသိန်း (၂၄၀၀)ကျပ်အား ထုတ်ချေးပေးရန် လျာထားကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ပင်းတယမြို့နယ်ဘဏ်ခွဲမန်နေဂျာထံမှ သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)