ငါ့သရောက်မြို့သို့ အခမဲ့လာရောက်ကုသပေးခြင်းနှင့် စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်

ငါ့သရောက်  ဖေဖော်ဝါရီ  ၂၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အထက်မြန်မာပြည် တီဘီရောဂါတိုက်ဖျက်ရေး တီဘီ Mobile Team မန္တလေး(ဗဟို)မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့ နံနက် ၈နာရီမှစတင်ကာ ငါ့သရောက်မြို့ ပြည်သူ့တိုက်နယ်ဆေးရုံတွင် ဒေါက်တာကျော်သန်းဦး ခေါင်းဆောင်သော ကျန်းမာရေး ဝန်ထမ်းများသည် ငါ့သရောက်နယ်မှပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနေ ကြောင်း သိရသည်။

အဆိုပါ  အထက်မြန်မာပြည် တီဘီရောဂါတိုက်ဖျက်ရေး တီဘီ Mobile Teamမန္တလေး(ဗဟို) အဖွဲ့နှင့် အတူ ညောင်ဦးခရိုင် တီဘီတိုက်ရောဂါတိုက်ဖျက်ရေးဌာန၊ King Leader ဦးထွန်းဝေ (H.A) နှင့် တီဘီရောဂါကု ကျန်းမာရေးဝန်ထမ်းများ၊ ငါ့သရောက်မြို့ ဒေါက်တာမျိုးဇော် ဦးဆောင်သည့် ပြည်သူ့ကျန်းမာရေးဝန်းထမ်းများသည် တီဘီ Digital TV ဓာတ်မှန်စစ် ဆေးစက်ဖြင့် လာရောက် စစ်ဆေးကြသည့် အထွေထွေ ရောဂါပြသသည့် လူနာ (၁၉၉)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများမှကူညီ စောင့်ရှောက်မှုပေးကာကုသမှုပေးနေပြီး ၊တီဘီရောဂါပိုး တွေ့ရှိသူ(၁၁)ဦးနှင့် တီဘီရောဂါသံသယရှိ လူနာ(၃)ဦးတို့အား သလိပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး တီဘီရောဂါပိုးတွေ့ရှိသည့် ဝေဒနာရှင်များအား ရောဂါ ပျောက်ကင်း သည်အထိ ကြပ်ကြပ်မတ်မတ် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုထိန်၊ငါ့သရောက်