ရန်ကင်း အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင်လူငယ်လူရွယ်များ၊ စာဖတ်သည့် အလေ့အထရရှိစေရန် စာပေကို ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်စေရန်၊ အသိပညာဗဟုသုတများ မျှဝေတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်လှလှထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက်စာဖတ်ဝိုင်းအားစတင်ခဲ့ရာ Book Club အဖွဲ့ အတွင်းရေးမှူးစာရေးဆရာမ ခင်တင့်ဝေ(မြို့တော်စည်ပင်)က ဘဝအတွက်အကောင်းဆုံးအဖော်မွန် ဆောင်းပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးခဲ့ပြီး Book Club အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာဦးတင်မောင်ဝင်း(ဖေအောင်ဝန်)က စာပေ၏တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမဇွန်ဖြူ(ပညာရေး)က စာဖတ်ခြင်း၏အကျိုးကျေးဇူးများခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ညွန့်ညွန့်(ကလော)က စာပေဖြန့်ဝေခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးရာ တက်ရောက်လာသော Book Club အဖွဲ့ဝင်များနှင့် Youth Club အဖွဲ့စာပေချစ်မြတ်နိုးသူများမှသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် Book Club ၊ Women Club ၊ Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းများပြုလုပ်ခြင်း၊ အသိပညာပေး Talk Show အစီအစဥ်များကိုလည်း စဥ်ဆက်မပြက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)