ဥတ္တရသီရိမြို့နယ်၌ “ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဥတ္တရသီရိ အောက်တိုဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ရွှေသဇင်ဈေးရှိ ကုန်စုံဆိုင်များသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိကြောင်းနှင့် ရည်ရွယ်ချက်များ၊ ကုန်သွယ်လုပ်ငန်းခွန်၊ လုပ်ငန်းရှင်၏တာဝန်များ၊ အခွန်အမှတ်တံဆိပ်မှာကြားခြင်းနှင့် ထုတ်ယူခြင်းများ၊ အခွန်အမှတ်တံဆိပ် သတ်မှတ်ချက်များ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်း၊ အခွန်ပေးသွင်းခြင်းများ၊ ကြေညာလွှာတင်သွင်းခြင်းများ၊ ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ၊ သတင်းပေးတိုင်ကြားခြင်း၊ သတင်းပေးသူကို ဆုချီးမြှင့်ခြင်းနှင့် အများပြည်သူများက ပူးပေါင်းကူညီဆောင်ရွက်သွားရန်စသည့် အကြောင်းအရာများကို ပြည်သူများသိရှိစေရန် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)