တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၂၁)မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

တာချီလိတ် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၂၁)မှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို တာချီလိတ်-ကျိုင်းတုံ-ဟောင်လိတ်လမ်းဆုံ၌ ယနေ့နံနက် ၉ နာရီအချိန် က ပြုလုပ်ခဲ့ကြသည်။

ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ဦးဆောင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖတို့ ပူးပေါင်းကာ ခရီးသွားပြည်သူများကို အသိပညာပေးရာတွင် မော်တော်ဆိုင်ကယ်စီးနှင်းသူတိုင်း အဓိကလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ပူးပေါင်းအဖွဲ့သည် ခရီးသွားပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)