​ကျောက်တံတားမြို့နယ် Quarantine Centre တွင် အသုံးပြုနိုင်ရန်အတွက် ​ခေါင်း​​လျှော်ရည်ဗူးများ လာ​ရောက်လှူဒါန်း

​ကျောက်တံတား ​အောက်တိုဘာ ၂၁

​ကျောက်တံတားမြို့နယ် ၃၈လမ်း​ရှိ Community Based Facility Quarantine Center (ပြည်သူအ​​ခြေပြု အသွားအလာကန့်သတ်​​ ​စောင်ကြည့်​နေရာ) သို့ ကိုဗစ်-၁၉​ရောဂါ ကာကွယ်၊ ကုသထိန်းချုပ်​ရေးလုပ်ငန်းများ​ ဆောင်ရွက်နိုင်ရေးအတွက် အလှူ​ငွေနှင့် ပစ္စည်းများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် အလှူရှင်​စေတနာရှင်များမှ​ နေ့စဉ်လာ​ရောက် လှူဒါန်း​ပေးလျက်ရှိရာ ယ​နေ့ နံနက်ပိုင်းတွင်လည်း ဒဂုံမြို့နယ်​မှ ဦးဇော်မင်းထွန်း မိသားစုမှ​ ခေါင်း​လျှော်ရည်ဗူး (၇၂)ဗူး လာ​ရောက် လှူဒါန်း​ပေးခဲ့ရာ Quarantine Centre  မှ တာဝန်ရှိသူဒုမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးမျိုးမြင့်နှင့် အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။

​ထို့ပြင်​​ ကျောက်တံတားမြို့နယ် Quarantine Centre ရှိ အသွားအလာကန့်သတ်​​ နေထိုင်ကြသူများနှင့်​စေတနာ၀န်ထမ်းများ အတွက်လည်း ​နေ့စဉ်နံနက်စာ၊​ နေ့လည်စာ၊ အဆာ​ပြေစာ၊ ည​နေစာများကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့်​ စေတနာရှင်ပြည်သူများမှ လာ​​ရောက်လှူဒါန်း​ပေးလျက်ရှိရာ ယ​နေ့ တစ်​နေ့လုံးစာအတွက်​ ကျောက်တံတားမြို့နယ် ၃၃လမ်း​နေ ဦးမျိုးသိမ်းမိသားစုက လာ​ရောက်လှူဒါန်း​ပေးခဲ့ကြောင်း သိရသည်။

​ရွှေနန်း​မေ