ကာလိမြို့၌ ဆေးရုံ၊ ဆေးခန်းများနှင့် ဆေးအရောင်းဆိုင်များတွင် မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းဆောင်ရွက်

ကာလိ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ဆေးရုံ၊ ဆေးခန်းများနှင့် ဆေးအရောင်းဆိုင်များအတွင်း မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကာလိနယ်မြေ မီးသတ်စခန်း လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခင်ဇော်နှင့် အဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများက ကာလိမြို့ပေါ် ဆေးရုံ၊ ဆေးခန်းများနှင့် ဆေးအရောင်းဆိုင်များအတွင်း မီးဘေးစိုးရိမ်ရသောနေရာများတွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် သတ်မှတ်ထားသော စည်းကမ်းချက်များနှင် ကိုက်ညီမှုရှိစေရေး မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းများ ဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ဆေးဘူးထားရှိရေး လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းထားသည့် မီးကြိုးများ ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် ရေလောင်ကန်များထားရှိမှု စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထင်ထင်(ကာလိ၊ပြန်/ဆက်)