၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ ပြည်နယ်ရန်ပုံငွေဖြင့် ပန်ဆောင်ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

မိုင်းယန်း အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ  (၄၃.၀၀)သန်းဖြင့် ပန်ဆောင်ကျေးရွာကုန်ထုတ်လမ်းဆောင်ရွက်ခြင်း (၁/ ၀ )မိုင်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

အဆိုပါ လုပ်ငန်းပြီးစီးမှုကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးရန်ကျော်၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းနှင့် ဝန်ထမ်းများတို့က ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ခြင်း (၁/၀) မိုင်လုပ်ငန်းအား သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ထားမှုရှိမရှိ အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကျေးရွာကုန်ထုတ်လမ်း (၁/၀) မိုင်လုပ်ငန်းဆောင်ရွက်ပြီးစီးပါက အိမ်ခြေ(၇၀)အိမ်၊ လူဦးရေ (၄၅၀)ဦးအတွက် အကျိုးပြုသွားနိုင်မည်ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထွန်းထွန်းထူး