မိုင်းလုံ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Book Club) အဖွဲ့ဝင်နှင့် လူငယ်များက စာရေးဆရာ လင်းထိပ်သျှင်နှင့်အခြား ရေးသားထားသော "မြို့များ ရာဇဝင်များ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက လူငယ်များကို သမိုင်းချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ မြို့ချစ်စိတ်များကို ရင်ထဲကိန်းအောင်းရှင်သန်စေရန် ယခုဆွေးနွေးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှေ့ဦးစွာပြောကြားပြီးမှ အလယ်ရပ်ကွက်နေ နန်းဆိုင်ငင်းမှ "မဟာရန်ကုန်-၂၆၄" အကြောင်းကိုလည်းကောင်း၊ ဈေးရပ်ကွက်နေ နန်းမို့မို့လင်းမှ"ရွှေရောင်လွှမ်းသော ပုဂံပြည်" အကြောင်းတို့ကို ဆွေးနွေးရာ ဆွေးနွေးပွဲသို့ တက်ရောက်သော ဝါသနာရှင်များကလည်း မိမိတို့သိသော အကြောင်းအရာများကို အပြန်အလှန်မျှဝေဆွေးနွေးခဲ့ကြပြီးနောက် မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက လူငယ်များ စာပေကို ချစ်မြတ်နိုးတက်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ဆွေးနွေးပွဲကို တစ်လ(၁)ကြိမ် လစဉ်ဆောင်ရွက်မည့်အကြောင်း ပြောကြားခဲ့သည်။
ဇော်ဇော်(ပြန်/ဆက်)