မောက်မယ် အောက်တိုဘာ ၁၉
ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုကို သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့ အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၂)၊ ဦးပိုင်အမှတ်(၇)တောင်သူ ဦးကျော်ဇံ၏လယ်မြေ၌ ဘက်စုံ အဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်ပြီး မျိုးစေ့အဆင့် မျိုးသန့်ပွားမျိုးစေ့ (RS) မှော်ဘီ ကောက်ညှင်းမွေး မိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
အဆိုပါလယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်နှင့်ဝန်ထမ်းများက တောင်သူများအား အသိပေးကွင်းဆင်းဆောင်ရွက်ရာ ယခုနှစ်ရာသီတွင် တောင်သူများအနေဖြင့် ယခင်က လယ်ယာစပါး စိုက်ပျိုးရာတွင် ကျွဲနှင့်နွားများဖြင့်သာ ထွန်ယက်ကြသော်လည်း ယခုအခါထွန်စက်များကိုသာ အသုံးပြုလာကြောင်း၊ စက်သုံးဆီနှင့်ဓါတ်မြေသြဇာစျေးနှုန်းများမြင့်မားနေ၍ တောင်သူများအပြည့်အဝ မသုံးစွဲနိုင်ခြင်းကြောင့် အထွက်နှုန်းများ ကျဆင်းမှုမရှိစေရေး၊ စိုက်ပျိုးရေးထုတ်ကုန်များအရှုံးပေါ်မှုမရှိစေရေး၊ လယ်ယာလုပ်ငန်းအတွက် ကုန်ကျမှုစရိတ်လျော့ချနိုင်စေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိဘဲ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ သိပ္ပံနည်းကျ စိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးနိုင်ရေးနှင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ် ပျိုးထောင်ပြီး စနစ်များအား မျိုးသန့်ပွားမျိုးစေ့ (RS) မိုးစပါး စိုက်ပျိုးမှုအတွက် မှော်ဘီကောက်ညှင်းမွေး ၂ ဧကကို ၈×၆လက်မ(၆တန်း ၁တန်းလှပ်) လက်တွေ့သရုပ်ပြစိုက်ပျိုးထားသည့် မိုးစပါးစိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)